---
title: "Freight In\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/Freight In"
updated: "2026-06-26"
---

**Freight In Charges ဆိုသည်မှာ ကုန်ပစ္စည်းများအား ဝယ်ယူသည့်အခါတွင် ထိုကုန်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်မှုနှင့် အခြားသော စရိတ်များပေးရသည့်အခါတွင် ထို ကုန်ကျစရိတ်များအား ကုန်ပစ္စည်းတန်ဖိုးထဲတွင် ထပ်ပေါင်းထည့်သွင်းနိုင်ခြင်းဖြစ်ပါသည်။**

Freight In Charges ထည့်သွင်းနည်း

1)[ဝယ်ယူထားသည့် ဘောင်ချာအတွက် Freight In တန်ဖိုးအား ဝယ်ယူထားသည့် supplier ကိုသာပေးရမည်ဖြစ်ပါက ထည့်သွင်းနည်း](https://msmebooks.bcnerp.com/docs/user/guides/Freight%20In#1%E1%80%9D%E1%80%9A%E1%80%BA%E1%80%9A%E1%80%B0%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%98%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%AC%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-freight-in-%E1%80%90%E1%80%94%E1%80%BA%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9D%E1%80%9A%E1%80%BA%E1%80%9A%E1%80%B0%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-supplier-%E1%80%80%E1%80%AD%E1%80%AF%E1%80%9E%E1%80%AC%E1%80%95%E1%80%B1%E1%80%B8%E1%80%9B%E1%80%99%E1%80%8A%E1%80%BA%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%80-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8)

2)[ဝယ်ယူထားသည့် ဘောင်ချာအတွက် Freight In တန်ဖိုးအား အခြားသော supplier ကိုပေးရမည်ဖြစ်ပါက ထည့်သွင်းနည်း](https://msmebooks.bcnerp.com/docs/user/guides/Freight%20In#2%E1%80%9D%E1%80%9A%E1%80%BA%E1%80%9A%E1%80%B0%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%98%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BB%E1%80%AC%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-freight-in-%E1%80%90%E1%80%94%E1%80%BA%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%A1%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%9E%E1%80%B1%E1%80%AC-supplier-%E1%80%80%E1%80%AD%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%9B%E1%80%99%E1%80%8A%E1%80%BA%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%95%E1%80%AB%E1%80%80-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8)

#### 1)ဝယ်ယူထားသည့် ဘောင်ချာအတွက် Freight In တန်ဖိုးအား ဝယ်ယူထားသည့် supplier ကိုသာပေးရမည်ဖြစ်ပါက ထည့်သွင်းနည်း

![](/files/FI01.png)

* ရှေးဦးစွာ အဝယ်ဘောင်ချာထည့်သွင်းရန်အတွက် Purchase Invoice ထဲကိုဝင်ပါ။

![](/files/FI02.png)

* New Purchase Invoice ကိုနှိပ်ပါ။

![](/files/FI02.jpg)

* Supplier နေရာတွင် လုပ်ငန်းမှပစ္စည်းဝယ်ယူထားသည့် သက်ဆိုင်ရာ Supplier ကိုထည့်သွင်းပါ။

* Item တွင် ဝယ်ယူသည့် ပစ္စည်းကိုထည့်သွင်းပေးရပါမည်။

* ဝယ်ယူထားသောပစ္စည်းများအတွက် အခြားသောစရိတ်များအား ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် ထည့်ပေါင်းတွက်ရန်အတွက် Item တွင် Freight In Charges  ရွေးချယ်၍ Description တွင် အခြားကုန်ကျစရိတ်ခေါင်းစဥ်အမည်အားထည့်သွင်းပါ။
 
* ထို့နောက် Create ကိုနှိပ်ပါ။

![](/files/FI01fcc344.png)

* ဝယ်ယူထားသည့် Supplier အတွက် ပစ္စည်းဖိုးနှင့်Freigh In Charges တန်ဖိုးအားပေးချေရန်အတွက် ထိုဘောင်ချာထဲမှ New Payment ကိုနှိပ်ပါ။

![](/files/FI16.jpg)

* Paid From တွင် ငွေပေးချေမည့် သက်ဆိုင်ရာ Cash Book ကိုရွေးချယ်ပေးရပါမည်။

* ထို့နောက် Create ကိုနှိပ်ပေးရပါမည်။

#### 2)ဝယ်ယူထားသည့် ဘောင်ချာအတွက် Freight In တန်ဖိုးအား အခြားသော supplier ကိုပေးရမည်ဖြစ်ပါက ထည့်သွင်းနည်း

![](/files/FI01.png)

* ရှေးဦးစွာ အဝယ်ဘောင်ချာထည့်သွင်းရန်အတွက် Purchase Invoice ထဲကိုဝင်ပါ။

![](/files/FI02.png)

* New Purchase Invoice ကိုနှိပ်ပါ။

![](/files/FI03.jpg)

* Supplier နေရာတွင် လုပ်ငန်းမှပစ္စည်းဝယ်ယူထားသည့် သက်ဆိုင်ရာ Supplier ကိုထည့်သွင်းပါ။

* Item တွင် ဝယ်ယူသည့် ပစ္စည်းကိုထည့်သွင်းပေးရပါမည်။

* ဝယ်ယူထားသောပစ္စည်းများအတွက် အခြားသောစရိတ်များအား ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် ထည့်ပေါင်းတွက်ရန်အတွက် Item တွင် Freight In Charges  ရွေးချယ်၍ Description တွင် အခြားကုန်ကျစရိတ်ခေါင်းစဥ်အမည်အားထည့်သွင်းပါ။

* ထည့်သွင်းထားသော Freight Charges မှ amount များသည် ဝယ်ယူထားသော  Supplier အားပေးရမည်မဟုတ်ဘဲ အခြားသူအားပေးရမည်ဖြစ်ပါက မိမိစရိတ်ကျခံမည့် စာရင်းခေါင်းစဥ်အမည်အား Account တွင် ရွေးချယ်ပါ။ Unit Price တွင် စရိတ်ကျခံမည့် Account များအတွက် Freight In ထည့်ထားသော ကုန်ကျစရိတ် amount အား (-)အနုတ်ဖြင့်ထည့်သွင်းပါ။

* ထို့နောက် Create ကိုနှိပ်ပါ။

![](/files/FI12.png)

* Summary တွင်ပြန်ကြည့်ပါက Expense ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာ Expenses ခေါင်းစဉ်ဖြင့် (-) ဖြစ်အထက်ပါအတိုင်းတွေ့ရပါမည်။

![](/files/FI06.png)

* Freight In Charges တန်ဖိုးအား တခြားသော Supplier ကိုပေးချေရန်အတွက် Payments ထဲကိုဝင်ပါ။

![](/files/FI07.png)

New Payment ကိုနှိပ်ပါ။

![](/files/FI13.jpg)

* Paid From တွင် ငွေပေးချေမည့် သက်ဆိုင်ရာ Cash Book ကိုရွေးချယ်ပေးရပါမည်။

* Account တွင် ပေးချေမည့် စရိတ် ခေါင်းစဥ် Account အား ရွေးချယ်၍ Amount တွင် ပေးချေသည့် amount အားထည့်သွင်းပါ။

* ထို့နောက် Create ကိုနှိပ်ပေးရပါမည်။

* Summary တွင်ပြန်စစ်ကြည့်ပါကလည်း ရှင်းပေးရမည့် Expenses စရိတ်ကျေသွားပါမည်။